ချင်းမိုင်မှာ Tourist Visa တစ်လထပ်တိုးခြင်း

Tr Visa နဲ့၀င်လာပြီး သက်တမ်းထပ် 1 လ တိုးမယ်ဆိုရင် ကိုယ့်ဘာသာတိုးချင်တဲ့သူများ ကိုကိုယ်‌သွားတိုးခဲ့တဲ့ ပုံစံပြောပြပေးချင်ပါတယ်။

သွားတိုးတဲ့နေရာက Central Festival ဒုတိယထပ်မှာရှိတဲ့ Immigration ရုံးပါ။ ဒုတိယစက်လှေကားဘေးတက်တက်ချင်း နားတဝိုက်ရှိပါတယ်။

အောက်မှာ ပြထားတဲ့ ဖိုင်လေးတွေကို Immigration website မှာ ကြိုဒေါင်းလုတ်ဆွဲ မိတ္တူဆိုင်သွားထုတ်ပြီး ကြိုဖြည့်ထားလို့ရပါတယ်။

လိုအပ်တာတွေကတော့

1။ The Application Form (TM 7)

2။ The Acknowledge of terms and condition

3။ the acknowledgments of penalties for visa overstay

4။ ဓာတ်ပုံ 1 ပုံ

5။ ပတ်စပို့စ် ကိုယ်ရေးအချကိအလက်စာမျက်နှာ မိတ္တူ 1ခု

6။ ထိုင်းဗီဇာ တံဆိပ်ကပ်ထားတဲ့စာမျက်နှာ နဲ့အဝင်တုံးထုထားတဲ့စာမျက်နှာ 1 ခု (ကျ‌နော့်စာအုပ်က 1 မျက်နှာတည်း မို့ပါ အဲ့ 2 ခုက) ရှင်းရှင်းပြောရရင် ပတ်စပို့ မှာ အရုပ်တွေ စာတွေ ပါတဲ့ ဟာအကုန် ကော်ပီကူးသွားပါ 😂

7။ TM 30 ( အိမ်ရှင်ဆီတောင်း ဒါမှမဟုတ် အေးဂျင့်ဆီက၀ယ်ပါ) ဟိုတယ်တည်းပြီးယူလို့ရတယ်လည်းပြောပါတယ်။ အိမ်ငှားထားတဲ့လူတွေတော့ အဆင်ပြေလောက်ပါတယ်။

8။ ပိုက်ဆံ 1900 ဘတ်

အခု သွားလုပ်မယ့် ဟာကို တဆင့်ချင်းပြောပါမယ်

1။ ဒေါင်းလုတ်ဆွဲတဲ့ဖောင်တွေကို ဖြည့်ပါ။ လိပ်စာကို TM 30 ထဲက လိပ်စာအတိုင်းထည့်ပါ။ ပတ်စပို့ထဲက ဟာကိုဖြည့်ခိုင်းတာများပါတယ်။ အင်္ဂလိပ်လိုဖတ်တတ်ရင် အေးဆေး။ ခုနှစ်ကတော့ ထိုင်းခုနှစ်ရေးပါတယ် ကျ‌နော်ကတော့ သူများတော့မသိပါ။ ထိုင်းခုနှစ်က 2567 နော် ဒီနှစ်က။

2။ ဖောင်ဖြည့်ပြီး ရုံးရှေ့ တန်းစီပါ။ တရုတ်တွေ အင်ဒီယာတွေ၊ အခြားလူမျိုးတွေလည်း လာတိုးတာအများကြီးပါပဲ။

3။ တန်းစီရတာက အဝင်ဝက ဝန်ထမ်းမလေး တစ်ယောက်က စာရွက်လေးတွေစစ်ပေးပြီး ကိုယ့်ကို queue number နံပါတ်ပါတဲ့ စာရွက်သေးသေးလေးထုတ်ပေးတယ်။ ကြောက်စရာမလိုပါနော်။ ဝန်ထမ်းမလေးတွေက ‌မျက်နှာလေးချိုချိုလေးတွပါ။

4။ နံပါတ်ယူပြီးအဲ့ဘေးနားလေးမှာ Document Check ဆိုတဲ့ကောင်တာမှာ ဝန်ထမ်း သုံးလေးယောက်က ကိုယ့်နံပါတ်အော်တာစောင့်ပါ။ ကိုာ့်အလှည့်ကျရင် ပိုက်ဆံ 1900 ရော ခုနကစာရွက်လေးတွေကော အကုန်ပေးလိုက်ပါ။ သူစစ်ကြည့်ပါလိမ့်မယ်။ ဖုန်းနံပါတ်တွေလည်း အဲ့စာရွက်တွေပေါ်ကတစ်နေရာမှာရေးခိုင်းပါလိမ့်မယ်။ အင်္ဂလိပ်လိုပဲပြောပါတယ်။ ထိုင်းစကားမပြောတတ်လည်းရပါတယ်။ ပြီးရင် ကိုယ့်ပတ်စပို့မိတ္တူစာရွက်တွေပေါ်မှာ လက်မှတ်ထိုးခိုင်းလိမ့်မယ်။ ပြီးရင် TM 30 ထဲက ကိုယ့်ရဲ့ တည်နေရာ၊ ကွန်ဒိုနာမည်ကိုသာ Google Map ထဲရိုက်ပြလိုက်ပါ။ သူ့ကိုပြပါ။ သူကစာရွက်ပေါ်ရေးမှတ်ပေးပါလိမ့်မယ် ကိုယ့်တည်‌ နေရာရဲ့ လောင်တီကျု လတ်တီကျုကို။ ဒီအဆင့်ပြီးရင် ရုံးအထဲ ဝင်လို့ရပါပြီ။ ဒီမှာထပ်ပြောရရင် သူ့ဆီကလည်း နံပါတ်ပါ စာရွက်လေးတစ်ခု‌ထပ်ပေးလာပါသေးတယ်။

5။ အပေါ်ကအဆင့်ပြီးတာနဲ့ ရုံးထဲ၀င်ရင် တန်းပြီးကိုယ့်နံပါတ်ကို ဖော်ပြထားတဲ့ ကောင်တာမှာ စာရွက်လေးအပ်ပြီး ထိုင်စောင့်နေရုံပါပဲ။ ၀င်တာနဲ့ တန်းပြတာပါ အဲ့နံပါတ်က။ ဘဏ်တွေမှာ ဒီဂျစ်တယ် နံပါတ်လေးတွေကောင်တာမှာပြထားသလိုပေါ့။

6။ ကဲခဏလေးထိုင်စောင့်ပြီး သူတို့ကိုကြည့်နေပါ။ သူတို့ကိုယ့်ပတ်စပို့စ်ကို ထောင်ပြရင် ကောင်တာရှေ့ရပ်ပြီး ဓာတ်ပုံရိုက်ခံလိုက်ပါ။ ပြီးရင်စာအုပ်လေးရပါပြီ။ ကိုယ်ထပ်တိုးတဲ့ရက်စွဲကိုလည်း စစ်ကြည့်ပါ မှန်မမှန်။

မှတ်ချက်။ ကျနော် ဖိုင်လေးဒေါင်းလုတ်ဆွဲလို့ရမယ့် Immigration Website Link ကို ချပေးထားပါမယ်ဗျ။

ပိုက်ဆံကတော့ အဲ့ 1900 ရယ် ကိုယ်ကတော့ စာရွက်ထုတ်တာ 10 ဘတ်ပဲပေးရတယ်။ 🥴

ဖောင်တွေက သူတို့ပေးထားတာရှိပေမယ့် ကိုယိ့ဘာသာထုတ်ပြီးဖြည့်တာ ပိုကောင်းပါတယ်။

ကဲကိုယ့်ဘာသာသွားတိုးလို့ရပါပြီခင်ဗျာ


Comments

Leave a Reply

Your email address will not be published. Required fields are marked *